တရားအားမထုတ်မှီပြုလုပ်ရန်ပုဗ္ဗကိစ္စငါးပါး
၁။ နမောတဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ (၃-ခေါက်)
၂။ တပည့်တော်တို့၏ ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးကို မြတ်စွာဘုရားအား လှူ ဒါန်းပါ၏
အရှင်ဘုရား။
၃။ တပည့်တော်တို့သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် ရတနာသုံးပါးနှင့် မိဘ
ဆရာပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိ
သည်ရှိသော် ထိုအပြစ်တို့မှပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန်ဝန်ချကန်
တော့ပါ၏ အရှင်ဘုရား။
၎။ ကိုယ်စောင့်နတ်၊အိမ်စောင့်နတ်၊ ကျောင်စောင့်နတ်၊ဓမ္မာရုံစောင့်နတ်၊ရွာစောင့်
နတ်၊ မြို့စောင်နတ်၊ သာသနာတော်စောင့်နတ်၊ ကမ္ဘာစောင့်နတ်များနှင့် တကွ
ရှိရှိသမျှသတ္တဝါဟူသမျှတို့သည် အသက်ထက်ဆုံး ဘေးမသီရန်မခကျန်းမာချမ်း
သာကြပါစေ။
၅။ ရှေးရှေးဘဝ ယခုဘဝပြုပြုသမျှ တပည့်တော်တို့၏ ဒါနသီလစသော ကုသိုလ်တို့
သည်၊ တပည့်တော်တို့ အလိုရှိအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း ရောက်ခြင်း
အကျိုးငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်း။
၆။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်၊ အသေမဦးခင် ဉာဏ်ဦး
အောင် အားထုတ်ပါတော့မည်။
Showing posts with label စာစဉ်(2). Show all posts
Showing posts with label စာစဉ်(2). Show all posts
Tuesday, September 24, 2013
Subscribe to:
Posts (Atom)
