သို့
သံအမတ်ကြီး
မြန်မာသံရုံး
ဗန်ကောက်မြို့
ထိုင်းနိုင်ငံ
နေ့စွဲ………… အကြောင်းအရာ
- ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား
များ၏ သားသမီးများအတွက် မြန်မာအခြေခံပညာမူလတန်းကျောင်း ဖွင့်လှစ်ကြောင်း
အထက်ပါအကြောင်း ကိစ္စနှင့်စပ်လျင်း၍ ထိုင်းနိုင်ငံအတွင်း
အလုပ်လုပ်ကိုင်လျက်ရှိ
ကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီး
ရင်သွေးငယ်ကလေးများ
အတွက် ဘဝအရည်အသွေးမြင့်မားရေးအတွက် နဝမမြောက်
ရွှေစင်တိပိဋကရေ
တိပိဋကကောဝိဒ ဓမ္မဘဏ္ဍကရိက ဘဒ္ဓန္တာဂန္ဓမာလာလင်္ကာရ(ph.d)
၏သြဝါဒကိုခံယူ
၍ ထိုင်းနိုင်ငံ မဟာချိုင်မြို့
လုံလှမ် ဝပ်စီမိန်ကျောင်းတွင် ကိုယ့်အားကိုယ်ကိုး ပညာရွှေ
စင်
အခြေခံ ပညာမူလတန်းကျောင်းကို (24.6.2013) တနလာင်္နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင်
ထိုင်းနှင့်မြန်မာချစ်ကြည်စွာဖြင့် အောင်မြင်စွာပူးတွဲ ဖွင့်လှစ်ခဲ့ပါသည်၊
(ကျောင်းဖွင့်ပွဲ
မှတ်တမ်းကို DVD အခွေကိုပူးတွဲပေးပို့ပါသည်)။
ဖွင့်လှစ်ထားသောကျောင်းတွင်တက်ရောက် ပညာသင်ယူနေသော
မြန်မာနိုင်ငံသားကလေးငယ်(မူလတန်းမှဆဋ္ဌမတန်း
အထိ) 80 ယောက်ရှိ၍စေတနာ့
ဝန်ထမ်း
သင်ကြားရေး ဆရာ-ဆရာမ (၈)ယောက်ရှိပါသည်။
ယ္ခုဖွင့်လှစ်ထားသောကျောင်းတွင်
တက်ရောက် ပညာသင်ယူနေ
သော
ကျောင်းသား ကျောင်းသူများကို မြန်မာနိုင်ငံမှပညာရေးဝန်ကြီးဋ္ဌာန၏ ပညာရေး
စနစ်
သင်ရိုးအတိုင်း သင်ကြားပေလျက်ရှိသည် အပြင် ဘာသန္တရအဖြစ် ထိုင်းစာပေကို
ပါပူးတွဲ
သင်ကြားပို့ချလျက်ရှိပါသည်၊ (ကျောင်းဝန်ထမ်းနှင့်ကျောင်းသားဦးရေစရင်းကို
ပူးတွဲပေးပို့ပါသည်)
ထိုင်းနှင့်မြန်မာချစ်ကြည်စွာဖြင့်
ပူးတွဲ၍ အနာဂတ် မြန်မာကလေး
များ
ဘဝအရည်အသွေး မြင့်မားရေးအတွက် ဖွင့်လှစ်ထားသော ပညာရွှေစင် အလင်း
ရောင်
အခြေခံပညာမူလတန်ကျောင်းမှာ ထိုင်းနိုင်ငံ စမူဆာခွန်ခရိုင် မဟာချိုင်မြို့ ½
Post
……14000 ဖြစ်တွင်တည်ရှိပါသည် (ကျောင်းလိပ်စာနှင့် မြေပုံကိုပါ ပူးတွဲပေးပို့ပါ
သည်)
သို့ပါ၍ 2013/2014 ပညာသင်ယူနှစ်တွင် တက်ရောက်ပညာ
သင်ယူနေသော
ကျောင်းသားကလေးငယ်များအား မြန်မာနိုင်ငံမှပညာရေးဝန်ကြီးဋ္ဌာန
၏အသိအမှတ်ပြု
- တရားဝင်အတန်းတင်စာမေးပွဲဖြေဆိုခွင့်ပြုပါရန်နှင့် လိုအပ်သလို
စီစဉ်ညွှန်ကြား
ဆောင်ရွက်နိုင်ပါရန်လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

No comments:
Post a Comment