တန်ဆာအစစ်
၁။ လက်၏တန်ဆာသည်
လက်စွပ်၊ လက်ကောက် မဟုတ်
ပေးကမ်းစွန့်ကြဲခြင်းသာ။
၂။ နား၏တန်ဆာသည်
နားကပ်နားဒေါင်းမဟုတ်
တရားဓမ္မကြားနာခြင်းသာ။
၃။ ကိုယ်၏တန်ဆာသည်
ဘယက်ဒွါရရာမဟုတ်
မေတ္တာကရုဏာဖြင့်သူတပါးအကျိုးဆောင်ရွက်ခြင်းသာ။
(သပြေကန်)
တနေ့တာ
ကုသိုလ်၊ဥစ္စာ၊ကျန့်ခံ့
သာ၍
ပညာတန်ခိုး
တမျိုးမျိုးမှ
အကျိုးမထွက်
ထိုနေ့တွက်
တစ်သက်ဝမ်းနည်းဖွယ်။
အိုမြန်ပြည်သားတို့
အိုး…မြန်မာတိုင်းဖွားမြန်တိုင်ဖွား
သင်ကား ဤအခြေအနေရောက်လာသော်
အမျိုးဘာသာ
ဿသနာအတွက်
အဖက်ဖက်မှသင်အားရအောင်
ရွက်ဆောင်ပြီလော
မပြီးလော
စောကြောဝေဖန်
သင်ငြင်းဆန်က
သင့်အတွက်ဆန်ကုန်
မြေလေးရုံတည့်
ဆန်ကုန်မြေလေး၊ဘဝဆွေးကာမနေပါနှင့်
နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း
ဘုရားရှင်တော်
မပွင့်ပေါ်ခင်က
လူတော်အများ
စိတ်ကောင်းထားလည်
ဤကားကုသိုလ်
အကုသိုလ်ဟု
ထိုထိုဘုံဘဝ
မသိရ
များလှအပြစ်တွေ။
ဘုရားရှင်တော်
ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ပြ
မြတ်တရားကြောင့်
ဤကားကုသိုလ်
အကုသိုလ်ဟု
ထိုထိုဘုံဘဝ
မသိရ
များလှကျေးဇူးတွေ။
ကျေးဇူးတော်ရှင်
ဘုရားရှင်၏
များအင်ကျေးဇူး
ဂုဏ်အထူးကို
ကြည်နူးမပြတ်
နေ့စဉ်ဆပ်ဖို့
အမြတ်ရတနာသာသနာ၏
နိုင်ရာဝန်ထမ်း
ကိုယ်စီစွမ်း
ကြိုးပမ်းကြပါစေ။
သံသရာအရှည်နှင့် ပုထုဇဉ်အရူး
ခရီးကရှည်၊
အရူးတွေ၊ စားဖွယ်ကသိုး၊
အဖော်ကဆိုးသနှင့်၊ အမျိုးမျိုးကာမဂုဏ်၊
အာရုံတွေအလွန်နောက်တာကြောင့်၊
အပ္ပါယ်ဘုံခါခါရောက်သော်လည်း၊
လွန်မြောက်ဖို့ဝေး။
တရားသံဝေ၊
ကိုယ်မှာရောက်လျှင်ဖြင့်၊
လွန်မြေက်ဖို့မနေး။
ဘေးပွဲကြုံ၊အေးလည်းတုန်၊
ကိုယ်စီကုတ်ပါလို့၊
အားထုတ်သင့်သား
သို့ပါကို၊
ဘယ်တောဘာလိုလိုနှင့်
များထိုထိုဘာဝနာသည်
ခေါင်လွင့်တယ် ဖျင်းဖင့်အများ။
ဤလောကီဘုံ
ခရီးကရှည်
(သံသရာ)
အရူးတွေ
(ပုထုစဉ်)
စားဖွယ်ကသိုး
(ဒါန၊သီလ၊ဘာဝနာ)
အဖော်ကဆိုးသနှင့်
(လောဘ၊ ဒေါသ၊ မောဟ )
အမျိုးမျိုးကာမဂုဏ်
(ကာမဂုဏ်ငါးပါး )
အာရုံတွေအလွန်နောက်တာကြောင့်
အပါယ်ဘုံအခါခါရောက်သော်လည်း
လွတ်မြောက်ဖို့ဝေး။