မြန်မာနိုင်ငံတွင် ဆဋ္ဌသင်္ဂါယနာခေတ်၏ အရှေ့ပိုင်းနှင့်နောက်ပိုင်းကို ယှဉ်ကြည်လျှင် မတူသည်တို့ကို တွေ့ရမည်ဖြစ်၏။ သင်္ဂါယနာ၏ အရှေ့ပိုင်းခေတ်က ပဋိပတ်အကျင့်ကို စိတ်ဝင်စား
မှုနည်းခဲ့ကြသေးသည်။နောက်ပိုင်းကြမှလူတို့သည် လှုပ်လှုပ်ရွရွနှင့် ပဋိပတ်ဆိုတဲ့ဝိပဿနာအလုပ်ကို
စိတ်ဝင်စားလာကြသည်။
သင်္ဂါယနာ၏ နောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှိုင်းလုံးလှိမ့်ဝင်လာသလို
လှုပ်လှုပ်ရွရွဖြင့် ပဋိပတ်ကို အာရုံစူးစိုက်လာကြသည်။ ကိုယ့်နိုင်ငံတွင်းမှာ သာမက အခြားသောနိုင်ငံ
တို့ကပါ ဤကိစ္စအတွက် မြန်မာနိုင်ငံသိုလာကြရသည်။ ဤမျှအထိ မြန်မာနိုင်ငံမျက်နှာပွင့်လင်းခဲ့ကြရ
၏။မဟာသတိပဋ္ဌာန်တရားဟောကြားခဲရာ အိန္ဒိယနိုင်ငံ ကုရုတိုင်း ၊ကမ္မာသ နိဂုံးပမာ ဖြစ်တော့သည်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက“မဟာသတိပဋ္ဌာန် သုတ်တော်ကြီးကို ဟောတော့မယ်” ဆိုတော့ ဟောမည့်နေရာကိုရွေးပါသေးသတဲ့။ ရွေးတဲ့အခါ ရေကောင်း၊ မြေကောင်း မိုးလေဝသမှန်၍
အသီးအနှံတွေ ဖွံ့ဖွံ့ဖြိုးဖြိုး၊ အောင်အောင် မာမာ ထွက်တဲ့ အိန္ဒိယနိုင်ငံကုရုတိုင်း၊ ကမ္မာသနိဂုံး ကို
ရွေးတော်မူပါသတဲ့။
အကြေင်းကတော့ အသီးအနှံဖွံ့ဖြိုးအောင်မာမှ အဆီမြေသြဇာပြည့်၊ အဆီမြေသြဇာပြည့်တဲ့
အစားအစာကိုစားမှ ကျန်းမာ၊ ကျန်းမာမှ တရားထူးရလွယ်မည်။
ယခုအခါ မြန်မာပြည်သည်လည်း၊ ရေမြေကောင်း၊ မိုးလေမှန်၊သီးနှံတွေရသဖြင့် ကမ္မာသနိဂုံး
ပမာဖြစ်တော့သည်။သတိပဋ္ဌာန်တရားတိုလည်း ပြန့်ပွားလာကြ၏။လူတို့လည်း စိတ်ဝင်စားလာကြသည်။ ဝိမုတ္တိယုဂ ခေတ်သို့တစ်ပတ်ပြန်၍ လည်လာသောကြောင့်လေလော။
အခုဟာက ဝိမုတ္တိယုဂခေတ်ပဲ
“ခေတ်” ဆိုတာ ခေတ္တဆိုတဲ့ ပါဋ္ဌိက လာတာ၊ ခေတ္တ ဆိုတာက“အခိုက်အတန့် အချိန်တို
ကလေး” ဟုအဓိပ္ပါယ်ရသည်။ အချိန်ကာလရှည်ကြီးတစ်ခုကို အချိန်တို အခိုက်အတန့်ကလေး ၅ခု၊
ခေတ် ၅ ခေတ်ဖြင့် ပိုင်းခြားပါသတဲ့၊ တစ်ခေတ် တစ်ခေတ်တွင်လည်း နှစ်ပေါင်း (၅၀၀) ရှိသည်ဆို
၏ ။ ထိုခေတ်တို့ကား -
၁။ ဝိမုတ္တိယုဂခေတ်၊ နှစ်ပေါင်း ၅၀၀၊
၂။ သမာဓိယုဂခေတ်၊ နှစ်ပေါင်း ၅၀၀၊
၃။ သီလယုဂခေတ်၊ နှစ်ပေါင်း ၅၀၀၊
၎။ သုတယုဂခေတ်၊ နှစ်ပေါင်း ၅၀၀၊
၅။ ဒါနယုဂခေတ်၊ နှစ်ပေါင်း ၅၀၀၊
နှစ်ပေါင်း ၂၅၀၀
ထေရဂါထာ အဋ္ဌကထာ ၊ ဒု ၊၃၆၈
ရှည်လျားသော အချိန်ကာလကြီးတစ်ခုကို ဤခေတ်(၅)တို့ဖြင့် ပိုင်းခြား၍လည်ပတ်နေ
သည်ဆို၏ ။ ဘုရားပွင့်ချိန်မှစပြီးနှစ်ပေါင်း (၅၀၀)အတွင်း ဝိမုတ္တိယုဂခေတ်ဖြစ်သောကြောင့် ဈာန်
မင်္ဂဖိုလ်တရားထူးများ ဖြိုင်းဖြိုင်းရကြသည်။
ဒုတိယနှစ်ပေါင်း(၅၀၀)အတွင်း၌ ကား၊ သမာဓိယုဂခေတ် ဖြစ်သောကြောင် သမာဓိတည်ရုံ
မျှသာ ဖြစ်၏ ။ တရားထူးရမူကားမပါ ဟုဆိုလိုဟန်တူသည်။
တတိယနှစ်ပေါင်း(၅၀၀) အတွင်း၌ လည်း သီလယုဂခေတ် ဖြစ်သောကြောင့် သီလကိုသာ
ဦး စားပေး၊ သီလစင်ကြယ်အောင်ထိန်းကြ၍ သီလမျှသာရှိကြ၏ ဟုဆိုလိုသည်။
စတုတ္ထနှစ်ပေါင်း (၅၀၀)အတွင်း၌လည်း သုတယုဂခေတ် ဖြစ်သောကြောင့်သီလကိုသာ ဦး
စားပေ၊ သီလစင်ကြယ်အောင်ထိန်းကြ၍ သီလမျှသာ ရှိကြ၏ဟုဆိုလိုသည်။
စတုတ္တနှစ်ပေါင်း(၅၀၀)အတွင်း၌လည်း သုတယုဂခေတ်ဖြစ်သောကြာင့် ဗဟုသုတကြွယ်ဝ
ဖို့သာ ဦးစားပေးကြ၏ ။ ကျမ်းဂန်တတ်မြောက်ရေးအတွက်သာ အာရုံစိုက်ကြသည်။
ပဉ္စမနှစ်ပေါင်း (၅၀၀) အတွင်း၌မူ ဒါနယုဂဖြစ်သောကြောင့် ဒါနပြုမှု အားသန်ကြ၏ ။လှူ ကြ
တန်းကြ၊ ပေးကြကမ်းကြ များ၏ ။ ဘုရားတည် ကျောင်းဆောက်ပေါများသည်။
ထိုမှလွန်သော် ဝိမုတ္တိယုဂခေတ်တွင်းသို့ ပြန်လှည့်ဝင်လာသည်ဟု ဆိုကြ၏ ။ သာသနာနှစ်
(၂၅၀၀)၊ ကောဇာသက္ကရာဇ်(၁၃၁၈) ခုနှစ်က စ၍ ဤဘတ်တွင် ဝိမုတ္တိယုဂခေတ်သို့ ပြန်လည်ဆိုက်
ရောက်လာပြီဟု ကြွေးကြော်ကြ၏ ။
ထို့ကြောင့် ဤခေတ်သည် ဈာန်မင်္ဂဖိုလ်တရားထူးများဖြိုင်းဖြိုင်းရနိုင်သော ဝိမတ္တိယုဂခေတ်
ဖြစ်လေပြီ။ သို့ဖြစ်၍လည်း လူတို့သည် တရားထူးရရန် လှုပ်လှုပ်ရွရွဲ ကြိုးစားလာကြ၏ ဝိပဿနာ
စကား များစွာ ပြောဆိုလာကြကုန်၏ ။ ဤသို့လျှင် ခေတ်နှင့်ညီစွာ အလုပ်လုပ်နိုင်ကြရန် ကျေဇူးတော်
ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယကို အခြေခံလျက် “ ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်”
ပြန့်ပွားရေး(ဝိပဿနာ၏ အခြေခံ)ကို တင်ပြလိုက်ရပါသည်။
စေ့စေ့ငငကြည်ရှုကြ၍ ကျကျနန လေ့လာပြီးလျှင် အခြေခံသိရှိနိုင်ပါစေသတည်း။သိသည့်
အတိုင်း ကျင့်ကြံနိုင်ကြပါစေသတည်း။ ကျင့်သည်အတိုင်း ကိုယ်စီကိုယ်င တရားထူးရနိုင်ကြပါစေ
သတည်း။
အခြေခံကောင်းကောင်းရ၍ မမြင်မှန် ဘဝကို ရောက်ကြပါစေ။ ယောင်ယောင်ဝါးဝါး မှောက်
မှောက်မှားမှား - အထင်အမြင်အလွဲး အမှားတို့ကို ဖယ်ရှားနိုင်ကြပါစေ၊ အနိစ္စကို နိစ္စထင်၊ ဒုက္ခကို
သုခထင်၊ အနတ္တကို အတ္တထင်၊ အသုဘကို သုဘထင်၍ ပြောင်းပြန်ကြီး မြင်တတ်သောအလေ့
ကိုလည်း ပြင်နိုင်ကြပါစေ။
အားလုံးပြင်နိုင်ကြ၍ အမှန်တိုင်း ဖြစ်ကြပါစေသတည်း။
အပြစ်ကင်းသူဖြစ်ရေး
“လောကုတ္တရာအကျိုး တိုးတတ်ရာတိုးတတ်ကြောင်း ပြုလုပ်သူများအဖို့
အပြစ်ကင်းစင်နေသူများ ဖြစ်ကြရမည်။ သာမန်ကာယကံပြစ်၊ ဝစီကံပြစ်၊ မနောကံ
ပြစ်များ ကင်စင်နေကြရမည်။ အပြစ်များမကင်းစင်လျှင် မိမိ၏ တိုးတတ်ရေး ဘဝ
လမ်းခရီးတွင် ယင်းအပြစ်တို့က အဟန့် အတားပြုနေတတ်ကြသည်” ဟူ၍ ကျမ်းဂန်
တို့အဆိုအရ ယုံကြည်ကြရပါသည်။
သာမန် ကာယကံပြစ်၊ ဝစီကံပြစ်၊ မနောကံပြစ်ကလေးများအတွက် အကယ်
၍များ ကျူးလွန်မိလျှင်လည်း ကန်တော့တောင်းပန်လိုက်ပါက ကျေပျောက်ရသော
သဘာဝ အပြစ်ကင်းစင်သောဘဝဖြစ်သွားရလေသည်။
ထို့ကြောင့် ရှေးရှေးကာလ လက်ထက်တို့ကပင် ရှေးဆရာတော်ကြီးများက
“သြကာသ- သြကာသ” အစချီသော ကန်တော့ခန်းကို စီမံထားတော်မှုခဲ့ကြသည်။
ဗုဒ္ဓဘာသာဝင်တို့အဖို့ လက်သုံးဖြစ်ကြ၏။ သုမင်္ဂလ၊ ဒုမင်္ဂလပွဲများတွင် အခွင့်ကြုံ
တိုင်း ဘုရား၊ တရား၊ သံဃာများနှင့် မိဘ,ဘိုးဘွား,ဆရာသမားတို့အား ကန်တော့
တတ်ကြသည်။
ယင်းကန်တော့ခန်းကို မိုးကုတ်ဆရာတော်ဘုရားကြီးက တရားအားထုတ်
မည့်သူများနှင့် လိုက်လျောအောင် ထပ်မံပြင်ဆင် အနည်းငယ်ပြုပြင်ထား၏။
မိုးကုတ်ယောဂီများ တစ်ပြေညီ တစ်မူတည်းဖြစ်စေရန် ယခုတင်ပြအပ်ပါသည်။
ကန်တော့ခန်း
သြကာသ၊ သြကာသ၊ သြကာ၊ ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ၊ခပ်
သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊
နှစ်ကြိမ်၊ သုံးကြိမ်းမြောက်အောင်၊ဘုရားရတနာ၊တရားရတနာ၊ သံဃာရတနာ၊ရတနာ
မြတ်သုံးပါးတို့နှင့် မိဘဆရာသမားတို့အား ရိုသေမြတ်နိုးလက်စုံမို၍ ရှိခိုးပူဇော် ဖူးမြော်
မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်မှုကံ စေတနာတို့ကြေင့် တပည့်တော်တို့အားထုတ်
ဆဲဖြစ်သော ဝိပဿ နာဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်
မှောက်ပြုရပါလို၏ အရှင်ဘုရား...........။
ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ၊ရတနာတော်မြတ်သုံးပါးနှင့်ဆရာ
သခင်ကျေးဇူးရှင်ဖြစ်သောအဂ္ဂမဟာပဏ္ဍိတ၊မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာဏ်တော်အား
ရည်မှန်း၍ ရှိခိုးပူဇာ် ဖူးမြော်မှန်လျှော့ကန်တော့ရသော ပူဇဝန္တပဏာမစေတနာ၊သဒ္ဓါ ပညာ ဝီရိယတို့ကြောင့်
မိမိတို့ အလိုရှိအပ်တောင့်တအပ်သော မအိုမသေအမြဲနေသော နိဗ္ဗာန်သို့လည်းကောင်း၊ တစ်ထောင့်ငါးရာကိလေသာတို့၏ ချုပ်ရာငြိမ်းရာ သိမ်းရာဖြစ်သော နိဗ္ဗာန်သို့လည်းကောင်း.....
မိမိတို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် လျင်မြန်စွာမင်္ဂဉာဏ်သို့ ကျေးဇူးပြု၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေ......။
ငါးပါးသီလ ဆောက်တည်လိုကြရာ၌
ငါးပါးသီလတောင်း
လူများ။ ။ အဟံ ဘန္တေ တိသရဏေန သဟ၊ ပဉ္စသီလံ
ဓမ္မံ ယမိစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ
မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ ……။
တတိယမ္ပိ အဟံ ဘန္တေ ……။
ဘုန်းကြီး၏သတိပေးစကား
ဘုန်းကြီး ။ ။ ယ.မဟံ ဝဒါမိ၊ တံ ဝဒေထ။
လူများ ။ ။ အာမ ဘန္တေ။
ဘုရားရှိခိုးခန်း
ဘုန်းကြီး ။ ။ နမော တဿ ဘဂဝတော အရဟတော
သမ္မာ သမ္ပုဒ္ဓဿ။
လူများ ။ ။ (ဘုန်းကြီတိုင်ပေးသည့် အတိုင်းလိုက်ဆို၊
လေးစားဖွယ်ဖြစ်အောင် သုံးကြိမ်းဆို)
သရဏဂုံဆောက်တည်ခန်း
ဘုန်းကြီး ။ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ ၊
သံဃံ သရဏံ ဂစ္ဆာမိ ၊
လူများ ။ ။ (ပုံတူလိုက်၍ ဆိုကြရန်)
ဘုန်းကြီး ။ ။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ၊
လူများ ။ ။ (ပုံတူလိုက်၍ ဆိုကြရန်)
ဘုန်းကြီး ။ ။ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ၊
လူများ ။ ။ (ပုံတူလိုက်၍ ဆိုကြရန်)
ဘုန်းကြီး။ ။ သရဏဂမနံ ပရိပုဏ္ဏံ ။
လူများ ။ ။ အာမ ဘန္တေ။
ငါးပါးသီလဆောက်တည်ခန်း
ဘုန်းကြီး ။ ။
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ၊ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

လူများ ။ ။ (ဘုန်းကြီး ကရှေ့က တစ်ပုဒ်တိုင်ပေးပြီး တိုင်း
လူများက နောက်ကတစ်ပုဒ်ချင်း လိုက်၍ ဆို။
အမှန်မှာ မိမိကိုယ်တိုင်ဆို၍ ဆောက်တည်ရ
မည့်ကိစ္စကို မဆိုတတ်သဖြင့် ဘုန်းကြီးကတိုင်
ပေးသည့် သဘော)
ခိုင်မြဲတင်းကျပ် အဓိဋ္ဌာန်မြတ်အခန်း
ဘုန်ကြီး ။ ။ ဇီဝိတံ စဇမာနောပိ သိက္ခာ ပဒါ ဟံ န စဇာမိ။
လူများ ။ ။ (ဘုန်းကြီးကပိုင်ဖြတ်၍တိုင်ပေးသည့်အတိုင်းလိုက်ဆို။)
ဆုတောင်းနှင့်အမျှဝေခန်း
ဘုန်ကြီး ။ ။ ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။
လူများ ။ ။ (ဘုန်းကြီးတိုင်ပေးသည့်အတိုင်းလိုက်ဆို )
ဘုန်းကြီး ။ ။ ဣဒံ ပုည ဘာဂံ သဗ္ဗသတ္တာနံ ဒေမ။
လူများ ။ ။ (ဘုန်းကြီးတိုင်ပေးသည့်အတိုင်းလိုက်ဆို )
သတိထားဖို့မှာကြားနိဂုံးအုပ်
ဘုန်းကြီး ။ ။ တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ
ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူများ ။ ။ အာမ ဘန္တေ။
အဓိပ္ပါယ်များရှင်းလင်းပြချက်
ကန်တော့ခန်းတွင် “ သြကာသ၊ သြကာသ ” ဟူ၍ ပါဠိစကားလုံးဖြင့် စတင်ထား၏။
ဤနေရာ၌ ‘ သြကာသ’ ပုဒ်၏ ဆိုလိုချက်အနက်မှာ ‘အခွင့်’ဟူ၍ အဓိပ္ပါယ်ရသည်။ ‘တောင်းပန်
ကန်တော့ပါရစေ၊အခွင့်ပေးတော်မူပါ၊ အခွင့်ပေးတော်မူပါ၊ အခွင့်ပေးတော်မူပါ၊ ’ ဟုလေးစားဖွယ်
ဖြစ်အောင် သုံးကြိမ်ဆိုထားသည်။
ကာယကံ=ကိုယ်ဖြင့် မှားယွင်း ပြုမိသည့်ကံ။
ဝစီကံ=နှုတ်ဖြင့် မှားယွင်း ပြောဆိုမိသည့်ကံ။
မနောကံ=စိတ်ဖြင့် မှားယွင်း ကြံစည်မိသည့်ကံ။
သဗ္ဗဒေါသ=အလုံးစုံသောအပြစ်၊ ခပ်သိမ်းသောအပြစ်။
“ရတနာ” ဆိုတာ စိတ်နှလုံးကို ရွှင်ပြုံးစေတတ်သော အရာကိုခေါ်သည်။ စိန်၊ ရွှေ၊
ရတနာ၊ ကျောက်မျက်ရတနာ၊ သားသမီးရတနာ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွားရတနာ စသည်တို့ဖြစ်
ကြ၏။
ထိုရတနာတို့တွင် ဘုရား၊ တရား၊ သံဃာသည်လည်း ရတနာဖြစ်၏။ အမြတ်ဆုံး
ရတနာဖြစ်သည်။ ဤကန်တော့ခန်းတွင် နှစ်ပိုင်းတွေ့ရမည်ဖြစ်၏၊ရှေ့ပိုင်းက ကန်တော့ခန်း
နောက်ပိုင်းက ကန်တော့ရသည်အတွက် ရလိုသော အကျိုးကို မျှော်ကိုး တောင့်တသည့်
အခန်းတို့ဖြစ်သည်။
တရားအားထုတ်ဆဲအခါ ဖြစ်တဲ့ဉာဏ်
“တရားအားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည်” ဆိုတာ ရှေ့ပိုင်းက ဖြစ်ပေါ်
ရသောလောကီဝိပဿနာဉာဏ်ကို ဆိုလို၏။ ယထာဘူတဉာဏ်၊ ပုဗ္ဗဘာဂမဂ်၊ လောကီမဂ္ဂင်
ငါးပါးကို ပြောနေခြင်းဖြစ်သည်။
“မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ ” ဆိုတာ “ မဂ်ဉာဏ်အား ကျေးဇူးပြု၍ ” ဟု ဆိုလို၏။
“လောကီဝိပဿနာဉာဏ်မှ တစ်ဆင့်တက်၍ လောကုတ္တရာမဂ်ဉာဏ်သို့ ကူပြောင်းပြီးလျှင်”
ဟုဆိုလိုသည်။
“နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို့၏။”ဆိုတာ“ နိဗ္ဗာန်ကို မြင်ရပါလို့၏”(မျက်စိဖြင့် မြင်ရ
သလို့) ဉာဏ်ဖြင့်မြင်ရပါလို့၏” ဟုဆုတောင်းထားသည်။
နိဗ္ဗာန်ကို မြင်နိုင်တာက လောကုတ္တရာမဂ်ဉာဏ်ဖြင့်သာမြင်နိုင်၏။ လောကီဝိပဿနာ
ဉာဏ်မမြင်နိုင်၊ သို့ဖြစ်၍ “ အခြေခံဖြစ်သော လောကီဝိပဿနာဉာဏ်မှ လောကုတ္တရာမဂ်ဉာဏ်သို့
တစ်ဆင့်တက်၍” ဟုဆိုလိုသည်။
ငါးပါးသီလအခန်းမှ အဓိပ္ပါယ်များ
ဘုန်းကြီးဘက်က ဆုပေးခန်းတွင် ကန်တော့သောအခန်းနှင့် လိုက်လျောအောင် ဆုပေးထား
သည်ကိုတွေ့ရမည်ဖြစ်၏။ အထူးရှင်းလင်းစရာမရှိ။ အဓိပ္ပါယ်ပေါ်လွင်ပါသည်။
ငါးပါးသီလဆောက်တည်ခန်း၌ သီလတောင်ခံပုံကို ပါဠိလိုဆို၍ တောင်းထား၏။ ပါဠိကို မလေ့
လာရသေးသောသူတို့အတွက် အဓိပ္ပါယ်မသိနိုင်ပါ။ သို့ဖြစ်၍ အနက်ပေးကာ အဓိပ္ပါယ်ဖော်ပါအံ့။

ဘန္တေ-အရှင်မြတ်ဘုရား၊ အဟံ-တပည့်တော်သည်၊ တိသရဏေန-သရဏဂုံသုံးပါးနှင့်၊
သဟ-အတူတကွ၊ ပဉ္စသီလံ-ငါးပါးသီလဖြစ်သော၊ ဓမ္မံ-လေးလေးမြတ်မြတ် ထိန်သိမ်းအပ်သော
ဘန္တေ-အရှင်မြတ်ဘုရား၊ မေ-တပည့်တော်အား၊ အနုဂ္ဂဟံ ကတွာ-ချီးမြှောက်မှုကိုပြု၍၊
သီလံ-ငါးပါးသီလကို၊ ဒေထ-ပေးတော်မူပါကုန် ဘုရား။
ဘန္တေ-အရှင်မြတ်ဘုရား၊ ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း၊ အဟံ-တပည့်တော်သည်၊
ပေ။ ဘန္တေ-အရှင်မြတ်ဘုရား၊ တတိယမ္ပိ-သုံးကြိမ်မြေက်လည်း၊ အဟံ-တပည့်တော်သည်။ ပေ။
မှတ်ချက်။ ။ အမှန်ကတော့ သီလဆောက်တည်ပုံ၊ ဆောက်တည်နည်းကို နားမလည်
၍ သင်ပြပေးပါ၊ ဆောက်တည်နည်းကိုပေးပါဟု တောင်းခံခြင်းမျိုးဖြစ်၏။ ဘုန်ကြီး၏ သန္တာန်မှ
သီလတွေကို ခွဲဝေပေးပါဟု တောင်းခံသည်မဟုတ်ပါ။
သီလမဆောက်တည်မိ ပြည့်စုံရမည်အင်္ဂါ
ဘုန်းကြီး၏ သတိပေးစကားတွင်-
“ယ.မဟံ ဝဒါမိ၊ တံ ဝဒေထ”
ယံ-အကြင်စကားကို၊ အဟံ-ငါသည်(ဝါ)ငါက၊ ဝဒါမိ ရှေးကဆိုသွား၏၊တံ-ထိုငါဆို
သောစားကားကို၊ ဝဒေထ-လိုက် ဆိုကြကုန်။ အဓိပ္ပါယ်မှာ “ ငါဆိုတဲ့အတိုင်း နောက်ကလိုက်ဆို
ကြ” လို့ ဘုန်းကြီးက သတိပေးခြင်း ဖြစ်သည်။
ထိုနောက်တွင် ဘုန်ကြီးက ဘုရားရှိခိုးတိုင်ပေး၏။ “ငါးပါးသီလ မဆောက်တည်ကြ
မိဦးစွာပထမ ဘုရားရှိခိုးကြဦး” ဆိုသည့် သဘောဖြစ်သည်။
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။
အရဟတော-ပူဇော်အထူးကို ခံယူတော်မူထိုက်ထသော၊ သမ္မာသမ္ဗုဒ္ဓဿ-အလုံးစုံး
သောတရားတို့ကို မဖောက်မပြန် အမှန်ကိုယ်တော်တိုင် သိတော်မူထသော၊ တဿဘဂဝတော-
ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
ထို့နောက် သီလတောင်းခံစဉ်တုန်းက “ သရဏဂုံသုံးပါးနှင့် တကွ ” ဟု တောင်ခံခဲ့
သည့်အတိုင်း “ သရဏဂုံယူတတ်ရန်တိုင်ပေးပြန်၏။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ။ ဗုဒံ္ဓ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-စိတ်၌
မြဲစွာသိမှတ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ။ ဓမ္မံ-တရားတော်မြတ်ကို၊သရဏံ-ကိုးကွယ်ရာဟူ၍၊ဂစ္ဆာမိ-စိတ် ၌ မြဲစွာသိမှတ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ ။ ။ သံဃံ-သံဃာတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ- စိတ်၌ မြဲစွာသိမှတ်ပါ၏။
ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း၊ တတိယမ္ပိ-သုံးကြိမ်းမြောက်လည်း။ ဤမျှသာ ထူး
တော့သည်။ ဆိုခဲ့ပြီးသည်နှင့် အနက်အဓိပ္ပါယ်တူပြီ။
သရဏဂုံသုံးပါး ဆောက်တည်ပြီးသောအခါ ဘုန်းကြီးက “ သရဏ ဂမနံ ပရိပုဏ္ဏံ ”
ဟုဆို၏။ သရဏ ဂမနံ-သရဏဂုံသုံးပါးသည်၊ ပရိပုဏ္ဏံ- သင်တို့သန္တာန်မှာ ပြည့်စုံပြီဟု ဆိုလို၏။
ထိုအခါ လူများက “အာမ ဘန္တေ-မှန်ပါဘုရား” ဟုဝန်ခံကြသည်။
ငါးပါးသီလဆောက်တည်ခန်းမှ
အဓိပ္ပါယ်များ
၁။ ပါဏာတိပါတာ- သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်းမှ ၊ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြည်
ရသော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-ကောင်စွာဆောက်တည်ပါ၏။
(အသေးအမွှား ပိုးရွ၊ ခြပုန်း၊ မှက်၊ ခြင်၊ သန်းတို့မှ အစပြု၍ သူတစ်ပါးအသက်ကို မသတ်မိအောင်
စောင့်စည်းပါမည်ဟု ဆိုလိုသည်)
၂။ အဒိန္နာဒါနာ ( အဒိန္န + အာဒါနာ ) - ပိုင်ရှင်မပေးအပ်သော သူတစ်ပါးပစ္စည်းကို ခိုးယူခြင်မှ၊
ဝေရမဏိသိက္ခာပဒံ - ရှောင်ကြည်ရသော သိက္ခာပုဒ်ကို ၊ သမာဒိယာမိ-ကောင်စွာဆောက်တည်
ပါ၏။

၃။ ကာမေသု-ကာမဂုဏ်ကိစ္စတို့၌ ၊ မိစ္ဆာစာရာ-စည်းကမ်းကိုကျော်လွန်၍ မှားမှားယွင်းယွင်းပြုကျင့်
ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြည်ရသော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-ကောင်စွာဆောက်
တည်ပါ၏။
၎။ မုသာဝါဒါ-မဟုတ်မမှန် လုပ်ကြံပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြည်ရသော သိက္ခာ
ပုဒ်ကို၊ သမာဒိယာမိ-ကောင်စွာဆောက်တည်ပါ၏။
၅။ သုရာမေရယ မဇ္ဇပမာ ဒဋ္ဌာနာ - မူးယစ်စေတတ်၍ မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော

သေရည်သေရက်တို့ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြည်ရသောသိက္ခာပုဒ်ကို၊
သမာဒိယာမိ-ကောင်စွာဆောက်တည်ပါ၏။
ခိုင်မြဲတင်းကျပ်အဓိဋ္ဌာန်မြတ်အခန်း၌
ဇီဝိတံ စဇမာနောပိ သိက္ခာပဒါ ဟံ နစဇာမိ။
ဇီဝိတံ-လွန်စွာစုံမက် အသက်သမုတ် ရှင်သန်နေသော နာမ်နှင့် ရုပ်ကို၊ စဇမာနောပိ-
အကျပ်အတည်နှင့် ကြုံတွေ့ရ၍ စွန့်လွတ်ရသော်လည်း၊ သိက္ခာပဒံ -ဆောက်တည်ထားအပ်သော
သိက္ခာပုဒ်ကို၊ အဟံ-အကျွန်ုပ်သည်၊ နစဇာမိ-မစွန့်လွတ်၊ မချိုးဖျက်ပါအံ့။
( အသက်ဘေးနှင့် ကြုံတွေ့ရင်ဆိုင်ရသော်လည်းကျင့်ဝတ် သိက္ခာပုဒ်ကို
တော့မဖျက်ပါ။ အသက်ကိုသာ အသေခံအံ့ဟု ဆိုလိုသည်)
ယဒိပိ မေ အန္တဂုဏံ၊
နိက္ခမိတွာ ဗဟိ စရေ။
နေဝဘိန္ဒေယျံ အာဇီဝံ၊
စဇမာနောပိ ဇီဝိတံ။
( ဝိသုဒ္ဓိမဂ် - ၄၀ )
အဓိပ္ပါယ်မှာ - “ကျွန်ုပ်၏ အူတွေ အခွေ-အခွေပြင်ဘက်ထွက်၍ ကုန်ပစေ၊ လွန်စွာစုံ
မက် ကျွန်ုပ်၏ အသက်ကိုပင် စွန့်ရပါစေ-အာဇီဝပါရိသုဒ္ဓိသီလကိုတော့ မချိုးဖောက်နိုင်ပါ”
အရှင်သာရိပုတ္တရာ၏ ခိုင်မြဲတင်းကျပ်၊ တိကျသော အဓိဋ္ဌာန်မြတ် စကားတော်ဖြစ်ပေ
သည်။ ထိုစကားရပ်မှ ( စဇမာနောပိ ဇီဝိတံ ) အပိုင်ကိုယူပြီးလျှင် ထိုအပိုဒ်ကို နည်းမှီ၍ ဤ၌ ဆရာ
တော်ဘုရားကြီးက စီစဉ်ထားခြင်းဖြစ်၏။ ကောင်းမြတ်သော အဓိဋ္ဌာန်ချက်ပင်ဖြစ်ပေသည်။
ဆုတောင်းနှင့် အမျှဝေခန်းတွင်
ဆုတောင်းခန်း၌ “ မေ-ကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်မှုသည်၊ အာသဝက္ခယာ ဝဟံ
(အာသဝက္ခယံ +အာဝဟံ) အာသဝက္ခယံ-အာသဝတရားတို့၏ ကုန်ရာနိဗ္ဗာန်သို့၊အာဝဟံ-မရောက်
ရောက်အောင် ရွက်ဆောင်နိုင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း”
အမျှဝေခန်း၌ “ဣမံပုညဘာဂံ-ဤကောင်းမှု၏ အဖို့ဘာဂကို၊ သဗ္ဗသတ္တာနံ - အလုံးစုံ
သော သတ္တဝါတို့အား၊ ဒေမ-အမျှပေးဝေကြပါကုန်၏”
ဤစာပိုဒ်၌ “ဣမံပုညဘာဂံ” ဟုဆိုလျှင် ပို၍ အင်အားရှိ၏။ ပို၍ တောင့်တင်းပါ၏။
သို့သော်လည်း (ဣမဿိဒ မံသိသုနပုံသကေ) ဟူသော ကစ္စည်းသုတ်အရ ဒုတိယာ အံဝိဘတ် ဖြင့်
လည်း“ဣဒံ” ဟူ၍ ရှိနိုင်ပါသည်။ သို့ဖြစ်၍ မိုးကုတ်ဆရာတော်ဘုရားကြီး၏နှုတ်ထွက် (မှု) ကိုမဖျက်
လို့တော့ဘဲ “ဣဒံ” ဟုပင် ထားလိုက်ပါသည်။
သတိထားဖို့ မှာကြားနိဂုံးအုပ်အခန်းတွင် တိသရဏေန - သရဏသုံးပါးနှင့်၊သဟ-
အတူတကွ၊ ပဉ္စင်္ဂသီလံ-အင်္ဂါငါးပါးရှိသော သီလကို၊ သာဓုကံ-ကောင်းမွန်စွာ၊ ကတွာ-မကျိုးပေါက်
အောင် ဆောက်တည်မှုကိုပြု၍၊ အပ္ပမာဒေန - မမေ့မလျော့သော သတိတရားဖြင့်၊ သမ္မာဒေထ-
ပြည့်စုံစေကြကုန်လော။
ထိုအခါ လူများက “ အာမ ဘန္တေ-မှန်ပါဘုရား ” ဟူသော ဝန်ခံကတိစကားဖြင့်
နိဂုံးသတ်လိုက်ကြပါသည်။
ရှစ်ပါးသီလ ဆောက်တည်လိုကြရာ၌
ရှစ်ပါးသီလတောင်း
လူများ ။ ။ အဟံ ဘန္တေ တိသရဏေန သဟ ၊ အဋ္ဌင်္ဂ
သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ...။
တတိယမ္ပိ အဟံ ဘန္တေ...။
ဘုန်းကြီး ။ ။ ထို့နောက် ဘုန်ကြီး၏ သတိပေးစကား၊ ဘုရားရှိခိုးပုံ၊သရဏဂုံဆောက်
တည်ခန်းတို့ အားလုံး အတူတူဖြစ်သည်။
ရှစ်ပါးသီလဆောက်တည်ခန်း
ဘုန်းကြီး ။ ။
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ၊ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၆။ ဝိကာလ ဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿန-မာလာ ဂန္ဓ ဝိလေပန ဓာရဏ
မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
လူများ ။ ။ (ဘုန်းကြီးက ပိုင်းဖြတ်၍ တိုင်ပေးသည့်အတိုင်း နောက်ကလိုက်ဆို )
ဘုန်ကြီး ။ ။ ဇီဝိတံ စဇမာနောပိ သိက္ခာပဒါ ဟံ နစဇာမိ။
လူများ ။ ။ (ဘုန်းကြီးတိုင်ပေးသည့်အတိုင်းလိုက်ဆို )
ဘုန်ကြီး ။ ။ ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။
လူများ ။ ။ (ဘုန်းကြီးတိုင်ပေးသည့်အတိုင်းလိုက်ဆို )
ဘုန်ကြီး ။ ။ ဣဒံ ပုည ဘာဂံ သဗ္ဗသတ္တာနံ ဒေမ။
လူများ ။ ။ (ဘုန်းကြီးတိုင်ပေးသည့်အတိုင်းလိုက်ဆို )
ဘုန်ကြီး ။ ။ တိသရဏေန သဟ အဋ္ဌင်္ဂသီလံ သာဓုကံ
ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူများ ။ ။ အာမ ဘန္တေ။
အဓိပ္ပါယ်များ ရှင်းပြချက်
အချို့သိက္ခာပုဒ်များ၏ အနက်အဓိပ္ပါယ်သည် ငါးပါးသီးလတုန်းကပေးခဲ့သည့်အနက်နှင့်
အတူတူဖြစ်၏ ။ ဤအခန်း၌ မတူရာကိုသာ ကွက်၍ အနက်ရေးမည်။
သီလတောင်းခန်း၌ “ အဋ္ဌင်္ဂသမန္နာဂတံ - အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော၊ ဥပေါသထသီလံ
-ဥပုသ်သီလဖြစ်သော၊ ဓမ္မံ-တရားတော်မြတ်ကို၊ ယာစာမိ-တောင်းခံပါ၏” ဤမျှသာထူးသည်။
သိက္ခရှစ်ပါးတို့တွင်(၃)အဗြဟ္မစရိယ-မမြတ်သောမေထုန်အကျင့်မှ၊ ဝေရမဏိသိက္ခာပဒံ
-ရှောင်ကြည်ရသော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-ကောင်စွာဆောက်တည်ပါ၏။
(၆) ဝိကာလ ဘောဇနာ - နေလွဲ ညစာစားသောက်ခြင်းမှ ၊ ဝေရမဏိသိက္ခာပဒံ - ကို၊
သမာဒိယာမိ-ပါ၏။
(၇) နစ္စဂီတ ဝါဒိတ ဝိသူကဒဿန-မာလာဂန္ဓဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ
-ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း၊ ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို အဆိုခိုင်းခြင်း၊
ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကိုယ် တီးမှုတ်လိုင်းခြင်း၊ ဘုရားအဆုံးမတော်၏ ဆန့်ကျင်ဘက်စို့
ပမာ ဖီလာဖြစ်သော ကြည့်ရှုနားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာပျစ်တို့ဖြင့် နိမ့်ရာအရပ်၌ ပြည့်ဖြိုး
အောင်ဖိုပသိပ်ခြင်း၊ အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာချေ၊ ပေါင်ဒါမှုန့်တို့ကို လိမ်းကျံ
ခြယ်လှယ်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ကို၊ သမာဒိယာမိ-၏။
မှတ်ချက် ။ ။ ငါးပါးသီလစောင့်ထိန်းသူသည် ကိုယ့်အိမ်ထောင်၊ ကိုယ့်ဇနီးမယား၊ ကိုယ့်
ခင်ပွန်းနှင့်နေနိုင်၏။ ဤရှစ်ပါးသီလစောင့်ထိန်းထားသူကား ကိုယ့်အိမ်ထောင်၊ ကိုယ့်ဇနီးမယား၊
ကိုယ့်ခင်ပွန်းနှင့်ပင် ရှောင်ကြည်ရသည်။

တန်ဆာအစစ်
၁။ လက်၏တန်ဆာသည် လက်စွပ်၊ လက်ကောက် မဟုတ်
ပေးကမ်းစွန့်ကြဲခြင်းသာ။
၂။ နား၏တန်ဆာသည် နားကပ်နားဒေါင်းမဟုတ်
တရားဓမ္မကြားနာခြင်းသာ။
၃။ ကိုယ်၏တန်ဆာသည် ဘယက်ဒွါရရာမဟုတ်
မေတ္တာကရုဏာဖြင့်သူတပါးအကျိုးဆောင်ရွက်ခြင်းသာ။
(သပြေကန်)
တနေ့တာ
ကုသိုလ်၊ဥစ္စာ၊ကျန့်ခံ့ သာ၍
ပညာတန်ခိုး တမျိုးမျိုးမှ
အကျိုးမထွက် ထိုနေ့တွက်
တစ်သက်ဝမ်းနည်းဖွယ်။
တစ်သက်ဝမ်းနည်းဖွယ်။
အိုမြန်ပြည်သားတို့
အိုး…မြန်မာတိုင်းဖွားမြန်တိုင်ဖွား
သင်ကား ဤအခြေအနေရောက်လာသော်
အမျိုးဘာသာ ဿသနာအတွက်
အဖက်ဖက်မှသင်အားရအောင်
ရွက်ဆောင်ပြီလော မပြီးလော
စောကြောဝေဖန် သင်ငြင်းဆန်က
သင့်အတွက်ဆန်ကုန် မြေလေးရုံတည့်
ဆန်ကုန်မြေလေး၊ဘဝဆွေးကာမနေပါနှင့်
နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း
ဘုရားရှင်တော် မပွင့်ပေါ်ခင်က
လူတော်အများ စိတ်ကောင်းထားလည်
ဤကားကုသိုလ် အကုသိုလ်ဟု
ထိုထိုဘုံဘဝ မသိရ
များလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ပြ မြတ်တရားကြောင့်
ဤကားကုသိုလ် အကုသိုလ်ဟု
ထိုထိုဘုံဘဝ မသိရ
များလှကျေးဇူးတွေ။
ကျေးဇူးတော်ရှင် ဘုရားရှင်၏
များအင်ကျေးဇူး ဂုဏ်အထူးကို
ကြည်နူးမပြတ် နေ့စဉ်ဆပ်ဖို့
အမြတ်ရတနာသာသနာ၏
နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း
ကြိုးပမ်းကြပါစေ။
သံသရာအရှည်နှင့် ပုထုဇဉ်အရူး
ခရီးကရှည်၊ အရူးတွေ၊ စားဖွယ်ကသိုး၊
အဖော်ကဆိုးသနှင့်၊ အမျိုးမျိုးကာမဂုဏ်၊
အဖော်ကဆိုးသနှင့်၊ အမျိုးမျိုးကာမဂုဏ်၊
အာရုံတွေအလွန်နောက်တာကြောင့်၊ အပ္ပါယ်ဘုံခါခါရောက်သော်လည်း၊
လွန်မြောက်ဖို့ဝေး။
တရားသံဝေ၊ ကိုယ်မှာရောက်လျှင်ဖြင့်၊
လွန်မြေက်ဖို့မနေး။
ဘေးပွဲကြုံ၊အေးလည်းတုန်၊
ကိုယ်စီကုတ်ပါလို့၊ အားထုတ်သင့်သား
သို့ပါကို၊ ဘယ်တောဘာလိုလိုနှင့်
များထိုထိုဘာဝနာသည် ခေါင်လွင့်တယ် ဖျင်းဖင့်အများ။
ဤလောကီဘုံ
ခရီးကရှည် (သံသရာ)
အရူးတွေ (ပုထုစဉ်)
စားဖွယ်ကသိုး (ဒါန၊သီလ၊ဘာဝနာ)
အဖော်ကဆိုးသနှင့် (လောဘ၊ ဒေါသ၊ မောဟ )
အမျိုးမျိုးကာမဂုဏ် (ကာမဂုဏ်ငါးပါး )
အာရုံတွေအလွန်နောက်တာကြောင့်
အပါယ်ဘုံအခါခါရောက်သော်လည်း
လွတ်မြောက်ဖို့ဝေး။

No comments:
Post a Comment